၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်သည့် အဖွဲ့ဝင် (၄) ဦးတို့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညကုန်သွယ်မှုဗဟိုဌာနသို့ သွားရောက်၍ ပြည်ထောင်စု ဝန်ကြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်စသည့် နံရံကပ် ပိုစတာများထားရှိမှု၊ စာကြည့်တိုက်ထားရှိမှုများ၊ သန့်ရှင်းသပ်ရပ်မှုများ စစ်ဆေးခဲ့ပါသည်။
ကုန်သွယ်မှုဗဟိုဌာနသည် ဒေသခံ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းရှင်များ ဈေးကွက် ရရှိရေးအတွက် ထုတ်လုပ်သည့်ထုတ်ကုန်များကို လာရောက်ပြသစေပြီး ဆွေးနွေးပွဲနှင့် သင်တန်းများကျင်းပပေးလျက်ရှိပါသည်။ ကုန်သွယ်ရေး၊ စီးပွား ရေးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များအား ဒေသခံတောင်သူ၊ ကုန်သည်လုပ်ငန်းရှင်များသို့ဖြန့်ဝေ ပေးခြင်းကိုပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပြီး ဆွေးနွေးခြင်း၊ အခြားအမယ်သစ်များ ရှာဖွေခြင်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ ပါသည်။